လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ ၂၀၁၇-၂၀၁၈ခုနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ သီးခြားငွေထုတ်စာရင်းခေါင်းစဉ်ဖြင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊ မြို့နယ်အသီးသီးတွင် အသုံးပြုရန် (၉) မီတာကွန်ကရစ်တိုင် များ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ဖိတ် ခေါ်အပ်ပါသည်-
စဉ် |
တင်ဒါအမှတ် |
လုပ်ငန်းအမည် |
မှတ်ချက် |
(က) |
1-26(T)/MESC/2017-2018 |
(၉)မီတာကွန်ကရစ်တိုင်(၃၅၀)တိုင် |
လုပ်ငန်းခွင်အရောက် |
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ( ၇.၃.၂၀၁၈) ရက်နေ့တွင် စတင်၍ ရောင်းချမည် ဖြစ်ပြီး (၂၀.၃.၂၀၁၈) ရက် (၁၃:၀၀) နာရီတွင် တင်ဒါပိတ်မည် ဖြစ်ပါသည်။
၃။ တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက်အလက် များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါကော်မတီ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)
၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း - ၀၂-၇၃၈၀၁