လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၅/၂၀၁၄) ၏ ဆုံးဖြတ်ချက်အရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်မီးသုံးသူ၏ မှားယွင်းမှုကြောင့် အစားထိုးတပ်ဆင်သည့် အိမ်သုံးမီတာ(ရပ်၊ပျက်၊နှေး၊လောင်) များအတွက် အောက်ပါနှုန်းထားများအတိုင်း စည်းကြပ်ကောက်ခံရန် သတ်မှတ်လိုက်သည်။
၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်မှ စတင်ပြောင်းလဲတပ်ဆင်သည့် အိမ်သုံးမီတာများအတွက် အစားထိုးတပ်ဆင်ခနှုန်းထား
စဉ် | မီတာအမျိုးအစား | အစားထိုးတပ်ဆင်ခနှုန်းထား |
၁။ | အိမ်သုံးမီတာ (Analogue) | ၃၀,၀၀၀ ကျပ် |
၂။ | အိမ်သုံးမီတာ (Digital/OMR) | ၅၅,၀၀၀ ကျပ် |